Local News

မကွေးကုန်စည်ဒိုင် တွင်တစ်ပါတ်အတွင်းနှမ်းနက်၊ဖြူ၊နီစျေးတက်ပြီနှမ်းညိုကြားစျေးကျ

Last Updated:

 

             မကွေးကုန်စည်ဒိုင် တွင်တစ်ပါတ်အတွင်းနှမ်းနက်၊ဖြူ၊နီစျေးတက်ပြီနှမ်းညိုကြားစျေးကျ

ရက်စွဲ၊ ..၂၀၂၂

  မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်တွင်နှမ်းမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။တစ်ပတ်အတွင်းကာလတူ (၂၉.၆.၂၀၂၂)ရက်နေ့နှင့်နှိုင်းယှဉ်ပါကနှမ်းစျေးများ အရည်အသွေးနှင့် ဝယ်လိုအားကြောင့်နှမ်းစျေးများ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။  နှမ်းနက်စမုံ(သစ်) (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်နေ့တွင် (၂၄၀၀ဝဝ)ကျပ်စျေး၊ ယနေ့(၂၄၅၀ဝဝ)ကျပ် စျေး ဖြစ်သည့်အတွက် (၅၀ဝဝ)ကျပ်၊ နှမ်းဂွနက်(ရိုးရိုး)(၄၅)ပိဿာ (၁)အိတ်လျှင် ယခင်နေ့တွင် (၁၆၅၀ဝဝ)ကျပ် ယနေ့(၁၇၀၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၅၀ဝဝ)ကျပ်၊ နှမ်းနီ(၄၅)ပိဿာ(၁)အိတ်လျှင် ယခင်နေ့တွင် (၁၇၅၀ဝဝ) ကျပ်စျေး၊ ယနေ့(၁၈၀၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၅၀ဝဝ)ကျပ်  နှမ်းဖြူ(ဂျပန်)(၄၅)ပိဿာ(၁)အိတ်လျှင် ယခင်နေ့တွင် (၁၉၅၀ဝဝ)ကျပ်စျေး၊ ယနေ့(၂၀၀၀ဝဝ) ကျပ်စျေးဖြစ်သည့်အတွက် (၅၀ဝဝ)ကျပ်အသီးသီး စျေးတက်ကာ နှမ်းညိုကြား(၄၅)ပိဿာ(၁) အိတ်လျှင် ယခင်နေ့တွင်(၁၆၈၀ဝဝ)ကျပ်စျေး၊ ယနေ့(၁၆၅၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၃၀ဝဝ) ကျပ်စျေးကျကာအရောင်းအဝယ်ဖြစ်လျှက် ကြောင်းသိရှိရပါ သည်။

Category: Local News